ကြွေပြားနှင့်ကျောက်ပြားများကြားမှ အဖြူဂျိုးထွက်ခြင်းကိုကာကွယ်ခြင်း

ဓာတုဗေဒပညာတွင် အဖြူဂျိုးထွက်ခြင်း(ပြင်သစ်ဘာသာအရ ပန်းပွင့်ခြင်း) သည်ဆားများ ရေစိမ့်ပေါက်များမှတဆင့် မျက်နှာပြင်ပေါ်သို့တိုးထွက်လာကာ မျက်နှာပြင်အလွှာတခုဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရေအတွင်းရှိဆားမှတဆင့်သော်လည်းကောင်း တခြားပျော်ရည်မှသော်လည်းကောင်း ဆားပျော်ဝင်ခြင်း သည်အရေးကြီးသောဖြစ်စဉ်တခုပင်ဖြစ်သည်။ ရေ နှင့် ဆားတို့ဓာတ်ပြုထားသောပျော်ရည်သည် မျက်နှာပြင်ပေါ်သို့တက်လာ၍ အငွေ့ပြန်ကာ ဆားဂျိုး(အဖြူဂျိုး)ကို ဖြစ်ပေါ်စေလေသည်။
အထက်တွင်ဖော်ပြခဲ့သော ရိုးရိုးအဖြူဂျိုးတက်ခြင်း တွင် ရေဝင်ရောက်ခြင်း ဆားသည်နဂိုထဲကအထဲတွင် ရှိနေသောကြောင့်ဖြစ်သည်။ တချို့သူများအဆိုအရမူ ဆားသည်အပြင်တွင်ရှိနေပြီး အတွင်းသို့စိမ့်ဝင်ခြင်း ကို ဒုတိယအဆင့်အဖြူဂျိုးတက်ခြင်း ဟုခေါ်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်ဖြစ် ဒုတိယဖြစ်စဉ်ကို အခြားသူများက တခြားနာမည်ပေးပါလိမ့်မည်။
အဖြူဂျိုးထွက်ခြင်းကို သဘာဝမျက်နှာပြင်တွင်ရော တည်ဆောက်ထားသောမျက်နှာပြင်တွင်ပါဖြစ်ပေါ်နိုင်သည်။ ရေစိမ့်နိုင်သောဆောက်လုပ်ရေးသုံးပစ္စည်းများတွင် ရုပ်ဆိုးသောအပြင်ပန်းပြဿနာတခုသာတွေ့ရတတ်သော်လည်း တခါတရံတွင်မူ အတွင်းရှိဆောက်လုပ်ရေးဆိုင်ရာ အားနည်းချက်များ (ရွေ့လျားခြင်း/ပါဝင်ပစ္စည်းများအရည်အသွေး နိမ့်ကျခြင်း)တို့ကိုလဲဖော်ပြခြင်းလဲဖြစ်သည်။

Common issues and queries you can face

Efflorescent formation

အဖြူဂျိုးတက်ခြင်း၏အကြောင်းရင်းများ

ဘိလပ်မြေနှင့်ရေတို့ဓာတ်ပြုရာမှ ထွက်ရှိလာသောဆားရေသည် ရေပေါက်ကလေးများမှတဆင့်အပြင်သို့တိုးထွက်ကာ လေထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်ဓာတ်ပြုကာ ကြွေပြားနှင့်နှာကြောင်းလိုင်းတလျှောက်တွင် ကယ်စီယမ်ကာဗွန်နိတ်အကြွင်းအကျန်ကို တင်ကျန်စေခဲ့ပါသည်

အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သောနည်းလမ်းများ

အဖြူဂျိုးထွက်ခြင်း အကြောင်းရင်းများတွင် အောက်ပါတို့အသုံးပြုခြင်းကြောင့်
> သာမန်ဘိလပ်မြေ
> ရေစိမ့်သော မျက်နှာပြင်
> ပြောင်းလဲသော အပူချိန် နှင့် စိုထိုင်းဆ
> ဆားပါသော ရေ

> မြေအောက်ရေ နှင့်စိုက်ပျိုးရေးလုပ်ငန်းအနီးအနားမှရေကို အသုံးပြုခြင်း

 

နည်းပညာထောက်ခံချက်နှင့် ဖြေရှင်းချက်များ

၁။ အပြင်ဧရိယာ သို့ စိုစွတ်သောဧရိယာတွင် ကြွေပြားကပ်ခြင်း
Weber မှထောက်ခံအကြံပြုသည်မှာ
•    weber.tai no stain အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သောကြွေပြားကပ်ကော်
•    weber.color no stain အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သော နှာကြောင်းဖြည့်ကော်
၂။ အဆောက်အအုံတလျှောက်တွင် ရေသည်အပေါ်သို့တိုးခြင်း သို့ အောက်သို့စိမ့်ဝင်ခြင်းပါဖြစ်ပေါ်၍ ကြွေပြားကပ်ကော်အလွှာကိုပါ စိမ့်ဝင်ခြင်း 
Weber မှထောက်ခံအကြံပြုသည်မှာ
•    weber.dry tex ရေလုံမော်တာ သို့ weber.dry top ကျုံ့ဆန့်နိုင်သော ရေလုံမော်တာ
•    weber.tai no stain အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သောကြွေပြားကပ်ကော်
•    weber.color no stain အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သော နှာကြောင်းဖြည့်ကော်

Find all our products near you in more than 2000 outlets