တစ်နိုင်တစ်ပိုင်နှင့် ကျွမ်းကျင်အဆင့် ကြွေပြားအလှဆင်သမားများအတွက် လွယ်ကူစွာအသုံးပြုနိုင်သော အရည်အသွေးမြင့် ကြွေပြားကပ် ဘိလပ်မြေကော်။ လုပ်ငန်းခွင်လိုအပ်ချက်အမျိုးမျိုးရှိ ပြဿနာအမျိုးမျိုး ဖြေရှင်းပေးနိုင်သော အထူးထုတ်ဘိလပ်မြေကော်များကို ရရှိနို်င်ပါသည်။

ကြွေပြားခင်းခြင်း နည်းပညာများ

သာမာန်ကြွေပြား ကပ်ဘိလပ်မြေကော်များ
အရွယ်အစား 60 x 60 စင်တီမီတာ အထက်ရှိ ဂရန်နီတို၊ ဂရန်းနိုက် ကြွေပြားများကို နံရံနှင့်ကြမ်းခင်းတို့တွင် ခင်းကျင်းအလှဆင်ပေးနိုင်သော သာမာန်ကြွေပြားကပ် ဘိလပ်မြေကော်

အရည်အသွေးမြင့် ကြွေပြားကပ် ဘိလပ်မြေကော်
ဝေဘာ၏ အရည်အသွေးမြင့် ကြွေပြားကပ် ဘိလပ်မြေကော်သည် ဆိုဒ်ကြီးကြွေပြားများကို ခွာထုတ်စရာမလိုဘဲ အဟောင်းပေါ် အသစ်ထပ်ခင်းနိုင်သောဆွဲအားရှိပါသည်။ လုပ်ငန်းခွင်ရှိ ပြဿနာအမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ရန် အထူးထုတ်လုပ်ထားပါသည်။

အတွင်းပိုင်းအလှဆင်ရန်အတွက် အသင့်သုံးကြွေပြားကပ် ဘိလပ်မြေကော်
စိုဆွတ်၊ ခြောက်သွေ့သော နေရာနှစ်မျိုးလုံးတွင် အသုံးပြုနိုင်သော အသင့်သုံး ကြွေပြားကပ်ကော်။ အတွင်းပိုင် ပြင်ဆင်မွမ်းမံမှု အတွက် ပိုမိုသင့်လျော်ပါသည်။

အဆင့်မြင့် Epoxy သားကြွေပြားကပ်ကော်
မျက်နှာပြင် အမျိုးအစားမရွေး ကြွေပြားကပ်အလှဆင်ပေးနိုင်သော အထူးကော်

အဖြူဂျိုး၊ ဆားဂျိုးများ တက်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်သော ကြွေပြားကပ်ဘိလပ်မြေကော်
အပြင်ပိုင်းအလှဆင် ဝတ္ထုများဖြစ်သည့် ဆိုင်းဘုတ်၊ ရေတံခွန်စသည်တို့တွင် စိုထိုင်းမှုကြောင့် ဖြစ်ပေါ်တတ်သော အဖြူဂျိုးတက်ခြင်းအမျိုးမျိုးကို ကာကွယ်အန်တုပေးနိုင်သော အထူးထုတ်ကြွေပြားကပ် ဘိလပ်မြေကော်။ အဖြူဂျိုးတားဆီးပေးနိုင်သော နှာကြောင်းဖြည့်ကော်နှင့် တွဲအသုံးပြုပေးရန် အကြံပြုပါသည်။

ရေလုံအာနိသင်ပါဝင်သော ကြွေပြားအလှဆင်ကော်
မီးဖိုချောင်၊ ရေချိုးခန်း နှင့် ရေကူးကန် ကဲ့သို့သော ရေနှင့်ထိတွေ့နေရသော ဧရိယာများအတွက် ရေယိုမှုဒဏ်ကို တားဆီးပေးနိုင်သော အထူးထုတ် ရေလုံဓာတ်ပါဝင်သော Weber ကြွေပြားကပ် ဘိလပ်မြေကော်အမျိုးမျိုး ရရှိနိုင်ပါပြီ။

မိုးဆိတ် ကြွေပြားငယ်လေးများအတွက် နှာကြောင်းနှင့် အလှဆင်ကော်
မိုးဆိတ် ကြွေပြားများဖြင့်အလှဆင်ရာတွင် ကော်သားအဖြူရှိမှသာ တောက်ပြောင်မှုရှိမည်ဖြစ်သည်။ ထို့ဂုဏ်သတ္တိများနှင့်ပြည့်စုံ သောနှာကြောင်းဖြည့်ကော်နှင့် အလှဆင်ကော်အဖြစ် တစ်ပါးတည်းအသုံးပြုနိုင်သော ကြွေပြားအလှဆင်ကော်ကို Weber မှ ရရှိနိုင်ပါပြီ

အထူးမျက်နှာပြင်ပေါ်ဆွဲသော ကြွေပြားကပ်ကော်
အပြင်ပိုင်းမျက်နှာစာများ၊ တုန်ခါမှုနှင့် ကြမ်းတမ်းမှုကို ခံနိုင်ရန်လိုအပ်သော ဧရိယာတို့တွင် အလှဆင်ပေးနိုင်ရန်အတွက် အထူးထုတ်ထားသော ဆွဲအားမြင့်ကြွေပြားကပ် ဘိလပ်မြေကော်။