Weber ၏ဆန်းသစ်တီထွင်သော အောက်ခံဆေးရည် ကုန်စည်သည် သင့်လုပ်ငန်းလိုအပ်ချက်တိုင်းကို အရည်အသွေးပြည့်ဝသော အချောကိုင်မျက်နှာပြင် အဖြစ်ပြုလုပ်ပေး နိုင်သည်။

ပြုပြင်မွမ်းမံခြင်းနှင့် ဓာတုဗေဒ ဖြေရှင်းချက်
ပြင်ဆင်မွမ်းမံခြင်းနှင့် ဓာတုဗေဒ ဖြေရှင်းနည်းများ

ဘိလပ်မြေ အခြေပြု ဂရောက်တင် မဆလာ
အောက်ခြေတိုင်၊ ကျည်းဘောင်း၊ တုန်ခါမှုဒဏ်အမျိုးမျိုးကို ခုခံနိုင်သော အောက်ခြေအင်္ဂတေအထိုင် စသည့်ဧရိယာများတွင် အသုံးပြုနိုင်ရန်အတွက် အထူးဓာတ် ဂရောက်တင် စီးမန့် ဘိလပ်မြေ မဆလာ။

မူလမျက်နှာပြင်နှင့် အချောကိုင်မျက်နှာပြင်ကြား စွဲအားတိုးမြင့်ပေးသော အောက်ခံဆေးရည်
အပွင့်ရိုက်ခြင်းကဲ့သို့သော မျက်နှာပြင်စွဲအားတိုးမြင့် စေသည့် လုပ်ဆောင်ချက်များကို အချိန်ကုန်ခံစရာမလိုဘဲ Weber ၏ အောက်ခံဆေးရည် သုတ်လိမ်းပေးယုံဖြင့် အလွယ်တကူ ပြုလုပ်နိုင်သည်။

ကြွေပြား မခင်းမှီ အောက်ခံဆေးရည်
ကွဲပြားသော မျက်နှာပြင်အမျိုးမျိုးတို့တွင် ကြွေပြားကပ်နိုင်ရန် ထည့်သွင်းအသုံးပြုသင့်သည့် ဆွဲအားတိုးမြင့် ဓာတု အောက်ခံဆေးရည်

ဆွဲအားတိုးမြင့်စေရန် ကွန်ကရစ် အရောအနှော
ကွန်ကရစ်မျက်နှာပြင် အဟောင်းနှင့် အသစ်ကြား ဆွဲအားတိုးမြင့်ပေးသော ကွန်ကရစ်အရောအနှော ဓာတုဆေးရည်။ အပွင့်ရိုက်ခြင်းကဲ့သို့ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်ကို ကျော်လွှားနိုင်ပြီး အချောကိုင်မျက်နှာပြင် အသစ်ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းများကို ပြုလုပ်နိုင်သည်။

ရေလုံအာနိသင်ပါဝင်သော ကွန်ကရစ် အရောအနှောဆေးရည်
Weber ၏ရေလုံအာနိသင်ပါဝင်သော ကွန်ကရစ်အရောအနှောဆေးရည်ကို ရေဖြင့်အချိုးကျရောစပ်ပေးပြီး ပလာစတာ၊ အမိုး ဆလပ်ပြင် အစရှိသည်တို့ကို ကြံခိုင်မှုတိုးမြင့်ပေး နိုင်ပါသည်။ ဤဓာတုဆေးရည်သည် ရေဓာတ်ပါဝင်မှု လျှော့ချပေးကာ ကွန်ကရစ် ပါတီကယ်များကို ပိုမိုကျစ်လစ်စေသည်။ ထို့ကြောင့် မျက်နှာပြင် ရေစုပ်ယူမှု လျှော့နည်းစေခြင်း၊ ဖျော်စပ်ပေးရမည့်ရေ လျှော့ချပေးခြင်းနှင့် လုပ်ငန်းပိုမိုပြီးမြောက် စေပါသည်။

မျက်နှာပြင် အမျိုးမျိုးရှိ လိုင်းကြောင်းကြားအတွင်းသို့ ဖြည့်သွင်းပေးနိုင်သော စီးလန့်များ
ကလိုင်ပေါက်များ၊ ဆက်ကြောင်း၊ အက်ကြောင်း အမျိုးမျိုးတို့ကို ထိရောက်စွာ ဖြည့်သွင်းဖာထေးပေးနိုင်မည့် ကုန်စည်အမျိုးအမျိုးကို Weber မှအသစ်ထံမံ အားဖြည့်ထားပါသည်။ ကုန်စည်အသေးစိတ်အချက်အလက်များကို အောက်က ခလုတ်ခလေးကိုနှိုပ်ပြီး လေ့လာပေးပါ