မဆလာ သို့ ကွန်ကရစ်မျက်နှာပြင်ပေါ်တွင်ကြွေပြားကပ်ခြင်း

မဆလာကြမ်းခင်းကို ၁:၃ သို့ ၁:၄အချိုးဖြင့် ဘိလပ်မြေနှင့်သဲတို့ကိုရောစပ်ကာ ၅၀မီလီမီတာအထူခင်းလေ့ရှိကြသည်။ ထိုကြမ်းခင်းကို ကွန်ကရစ်အောက်ခံပေါ်တွင်ဖြစ်စေ သို့မဟုတ် polythene sheet damp proof membrane ပေါ်တွင်လဲခင်းနိုင်သည်။ စတင်လောင်းသည့်အချိန်မှစ၍ပြီးဆုံးသည့်အချိန်အထိ မာကျောမှုနှင့်တည်ငြိမ်မှုရရှိလာသည့်အချိန်ထိ မဆလာရော ကွန်ကရစ်ကိုပါ အစိမ်းရောင်ဖြင့်ရည်ညွှန်းသည်။

Common issues and queries you can face

ကြွေပြား ကွာခြင်း

ကြွေပြား ကွာခြင်းသည် တခါတရံကျဉ်းမြောင်းသောဧရိယာတွင်ပါ ဖြစ်ပေါ်လေ့ရှိသည်။ ဘာကြောင့်ထိုပြဿနာဖြစ်ပေါ်လာရပါသနည်း? ထိုပြဿနာအတွက် အဖြေရှာကြည့်ကြပါစို့။

ပြင်ဆင်ခြင်းနှင့် ကြွေပြားကွာခြင်းကိုကာကွယ်ခြင်း

ထို့ကြောင့် Weber မှပြင်ဆင်ခြင်းနှင့် နံရံကြွေပြားကွာခြင်းမှကာကွယ်ရန် weber.tai flex ကျုံ့ဆန့်နိုင်စွမ်းမြင့်မားသော ကြွေပြားကပ်ကော် နှင့် weber.color outside ကျံု့ဆန့်နိုင်သော နှာကြောင်းဖြည့်ကော်တို့ကိုအသုံးပြု၍ လွယ်ကူသော အဆင့် ၈ ဆင့်ဖြင့်အသုံးပြုရန် အကြံပြုအပ်ပါသည်။
1.    မျက်နှာပြင် ပြင်ဆင်ခြင်း- အက်ကွဲ၍ ကွာထွက်နေသောကြွေပြားအဟောင်းများကို ဆောက်ဖြင့်ထွင်းထုတ်ပြစ်ပါ။ မျက်နှာပြင်အား ညီညာမှု မာကျောမှု ချောမွေ့မှုရှိ မရှိ စစ်ဆေးပါ။
2.    ကြွေပြားပြင်ဆင်ခြင်း-ကြွေပြားကို အမှိုက် ဖုန် အညစ်အကြေးတို့မရှိအောင် သန့်ရှင်းပေးပါ။ ကြွေပြားကို ရေစိမ်ခြင်းမလုပ်ရပါ။
3.    Weber.tai flex ကျံု့ဆန့်နိုင်စွမ်းမြင့်မားကာ စွဲကပ်အားကောင်းမွန်ပြီး ရာသီဥတုဒဏ်ခံနိုင်သော အရည်အသွေးမြင့်ကြွေပြားကပ်ကော် ကိုရွေးချယ်ပါ။
4.    Weber.tai flex ကြွေပြားကပ်ကော်ကို သင့်တော်သောပမာဏအတိုင်း ထောင့်မှန်ကျနံရံပေါ်တွင် သုတ်လိမ်းပေးပါ။5.    Weber.color outside ကိုအသုံးပြု၍ နှာကြောင်းဖြည့်ပါ။ ကြွေပြားကပ်ကော်ကို ခြောက်အောင်စောင့်ပေးပါ။
6.    ကြွေပြားတချပ်နှင့်တချပ်ခြား နှာကြောင်းအကျယ် ၃-၁၂ မီလီမီတာခန့်ထားပေးပါ။
7.    ၆၀ စတုရန်းမီတာနှင့်အထက်တိုင်း ၅-၆ မီလီမီတာရှိသော လှုပ်ရှားနိုင်သောအဆက် အဖြစ်ထားပေးကာ ထိုအဆက်ထဲသို့ ဆီလီကွန်ကော်ကို ထည့်ပေးပါ။
8.    ကြွေပြားထောင့်နေရာတိုင်းနှင့် တိုင်နေရာများ မတူညီသောမျက်နှာပြင်တို့ဆုံသောနေရာများတွင် ၅-၆ မီလီမီတာအကျယ်ရှိ ဆက်ကြောင်းထား၍ ၄င်းဆက်ကြောင်းကို အထူးဖော်စပ်ထားသော ဆီလီကွန်ကော်ထည့်ပေးပါ။
နံရံကြွေပြားပြဿနာသည် ကျွန်ုပ်တို့နေ့စဉ်ဘဝနှင့်သက်ဆိုင်လျက်ရှိသည်။ ကောင်းမွန်သော ဆောက်လုပ်ရေးသုံးပစ္စည်းများကိုသာရွေးချယ်၍ အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သောပြဿနာများကို ကြိုတင်ကာကွယ်လိုက်ပါ။

 

 

Find all our products near you in more than 2000 outlets