သာမန်ကြွေပြားကပ်နည်းမှ ကြာရှည်တည်တံ့ လှပသော ကြွေပြားးကပ်နည်းအသစ်သို့ မည်ကဲ့သို့ပြောင်းလဲမလဲဆိုတာ ကြည့်ကြရအောင်!

မကြာသေးမီကပင် ကျတော်သည် အိမ်နောက်ဖက်မြက်ခင်းပြင်ရှိ ကွပ်ပျစ်တွင်ခင်းထားသောသစ်သားများကို ဖယ်ရှားကာ ကြွေပြားနှင့်လဲလှယ်ရန်ဆုံးဖြတ်ခဲ့သည်။ ထပ်ခါ ထပ်ခါပြင်ဆင်ရသော အလုပ်ကိုငြီးငွေ့လာလို့ပင်ဖြစ်သည်။ မည်သို့သော ပစ္စည်းက သစ်သားကဲ့သို့ပုံစံတူကာ သစ်မာအစားထိုးနိုင်သော ကြွေပြားကိုစဉ်းစားရှာဖွေရမည်။ 

Common issues and queries you can face

သာမန်နည်းလမ်းဖြင့်ကြွေပြားကပ်ခြင်း

ဤနည်းလမ်းသည် ကြွေပြားကိုမကပ်မီ ရေတွင်စိမ်ကာ ကြွေပြားကပ်ကော်နှင့်ရေကိုဖျော်စပ်ကာ သုတ်လိမ်းပေးခြင်း သို့မဟုတ် ကြွေပြားနောက်ကျောတွင် ကြွေပြားကပ်ကော်ကိုသုတ်လိမ်းကာ ထို့နောက် ကြမ်းတမ်းအောင် ပြုပြင်ထားသည့်နံရံ သို့ ကြမ်းခင်းတွင်ကပ်သောနည်း ဖြစ်သည်။ ထို့နောက် ကြွေပြားကို ရေပြင်ညီအောင် ခေါက်၍ညှိပေးပါ။ အားသာချက်- လွယ်ကူသောနည်းလမ်းဖြစ်သောကြောင့် ကြွေပြားကပ်ဆရာများလဲ ကျွမ်းကျင်မှုရှိသည်။ အားနည်းချက်- မဆလာသည် ကြွေပြားတချပ်လုံးသို့ မရောက်သောကြောင့် အချိန်ကြာလာသောအခါ ပြန်ကွာတတ်သည်။ ထို့ကြောင့် ၄င်းနည်းလမ်းကို မထောက်ခံရခြင်းဖြစ်သည်။

ဘိလပ်မြေဖြင့်ကြွေပြားကပ်ခြင်း

ဤနည်းလမ်းသည် ဘိလပ်မြေ သဲ နှင့် ရေကို အပေါ်မှအောက်သို့ သမအောင်မွှေ၍ ကြွေပြားကို ထိုမဆလာညှိထားသောပေါ်တွင် ခင်းကပ်ရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၉၅ % ကျော်အသုံးပြုနေသော နည်းလမ်းလဲဖြစ်သည်။ အားသာချက်- လွယ်ကူသော နည်းဖြစ်သောကြောင့် ကြွေပြားဆရာများလဲ ကျွမ်းကျင်မှုရှိကြသည်။ အားနည်းချက်- သာမန်နည်းလမ်းဖြင့်ကပ်ခြင်းကဲ့သို့ပင် ဖြစ်သည်။ ဘိလပ်မြေနှင့်သဲ ရောစပ်ခြင်းသည် ပိုမိုဆိုးရွားစေသည် အဘယ်ကြောင့်ဆိုသော် သဲသည် ကြွေပြား၏စွဲကပ်အားကိုကျစေကာ ကွာထွက်ခြင်းကဲ့သို့ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ဘိလပ်မြေ သဲအရောအနှောကို အထူခင်း၍ ခြောက်သွားသောအခါ ကြမ်းပြင်၏ညီညာမှုကိုလဲထိခိုက်စေပါသည်။

ကြွေပြားကပ်ကော်ဖြင့် ကြွေပြားကပ်ခြင်း

ကြွေပြားကပ်ကော်သည် အသင့်ရောစပ်ထားသော ဘိလပ်မြေကို ဓာတုပစ္စည်းများထပ်ပေါင်းကာ စွဲကပ်အားပိုမိုကောင်းမွန်အောင် စက်ရုံမှထုတ်လုပ်ထားခြင်းဖြစ်သည်။ ဖော်စပ်ပုံသည် အသုံးပြုကိုလိုက်၍ ကွဲပြားမှုရှိသည်။ ကြွေပြားကပ်ကော်အသုံးပြုခြင်းသည် အခြားသောနည်းလမ်းများထက် စွဲကပ်အားပိုမိုကောင်းမွန်ကာ ကြွေပြားကွာခြင်းကိုလဲလျှော့ချပေးသည်။ မျက်နှာပြင်အမျိုးမျိုး ဥပမာ-ဘိလပ်မြေ၊ ကွန်ကရစ်၊ ပလတ်စတစ်၊ သစ်သား၊ အထပ်သား နှင့် ကြွေပြားဟောင်းတို့ပေါ်ပါ ထပ်ကပ်နိုင်သည်။ သင်၏ အသုံးပြုမည့် ရည်ရွယ်ချက်၊ ကြွေပြား နှင့် ကျောက်ပြား အမျိုးအစားပေါ်မူတည်ကာ ကြွေပြားကပ်ကော်အမျိုးမျိုးရှိသည်။

အားသာချက်များ

    အခြားသောကြွေပြားကပ်နည်းများထက် စွဲကပ်အားပိုမိုကောင်းမွန်သည်။
    အချိန်ကြာသော်လည်းကြွေပြားကွာခြင်းဖြစ်မှုနည်းပါးသည် အဘယ်ကြောင့်ဆိုသော် ကော်သည်ကြွေပြား၏နေရာအနှ့ံကိုစွဲကပ်နေသောကြောင့်ဖြစ်သည်။ လေခိုခြင်းကိုလဲ လျှော့ချပေးသည်။
    မျက်နှာပြင်အမျိုးမျိုး ဥပမာ-ဘိလပ်မြေ၊ ကွန်ကရစ်၊ ပလတ်စတစ်၊ PVC၊ သစ်သား၊ အထပ်သားနှင့် ကြွေပြားအဟောင်းတို့ပေါ်ပါထပ်ကပ်နိုင်သည်။ ဖျော်ပြီး အသုံးပြုနိုင်သောကြာချိန်- ၄နာရီ
    ကြွေပြားကို ခင်းပြီး၁၅ မိနစ်အတွင်းချိန်ညှိနိုင်သည်။
    သင်အသုံးပြုမည့်နေရာ၊ ကြွေပြားနှင့် ကျောက်ပြားတို့ပေါ်မူတည်၍ ကြွေပြားကပ်ကော်အမျိုးမျိုးရွေးချယ်နိုင်သည်။

 

အားနည်းချက်များ

ကြွေပြားဆရာများသည် ယခုနည်းလမ်းကိုမကျွမ်းကျင်ဘဲ သာမန်လုပ်ရိုးလုပ်စဉ်နည်းများကိုသာ အားသာကြသည်။ ယခုနည်းလမ်းသည် လုပ်ပုံလုပ်နည်းအဆင့်ပိုများသော်လည်း ကြွေပြားမခင်းမီတွင် ညီညာသောကြမ်းခင်းသာ လိုအပ်ပါသည်။
ဂရနီတို်ကြွေပြားနှင့်ပက်သက်၍ ရရှိသောအချက်အလက်များအရ ၄င်းတို့သည် ကြွေပြားအမျိုးအစားတခုပင်ဖြစ်သော်လည်း တာရှည်ခံခြင်း၊ မာကျောသော ပုံသဏ္ဍာန်ရှိခြင်း နှင့်ရေစုပ်ယူမှုနှုန်းလဲနည်းပါသည်။ ထို့ကြောင့် ၄င်းကြွေပြားများကို မခင်းမီ ရေစိမ်စရာမလိုပါ။ ထို့ကြောင့်ပင် ဂရက်နိုက်ကြွေပြားများအတွက် စွဲကပ်အားအကောင်းဆုံးရရှိစေရန် ကြွေပြားကပ်ကော်နှင့်ကပ်ခြင်းသည် အကောင်းဆုံးရလဒ်ကို ရရှိနိုင်ပါသည်။ သို့သော် ကြွေပြားဆရာများသည်၄င်းတို့နှင့် အကျွမ်းတဝင်မဖြစ်သောကြောင့် ဤနည်းလမ်းကို မကြိုက်ကြပေ။ ထို့ကြောင့် ကြွေပြားကပ်ကော်အမျိုးမျိုးနှင့်၄င်းတို့၏ ကွဲပြားခြားနားသောအရည်အသွေးများကိုခွဲခြားကာ မည်သည့်ကြွေပြားကပ်ကော်သည် မည်သို့သောနေရာတွင်သုံးနိုင်သည် အစရှိသဖြင့်မှန်ကန်စွာရွေးချယ်နိုင်ပေမည်။ ကိုယ်တိုင်ကြွေပြားမကပ်သော်လဲ ကြွေပြားကပ်သောလုပ်ငန်းစဉ်မှတဆင့် သင်၏အိမ်ကို သင်၏အားထုတ်မှုတို့ဖြင့် မည်ကဲ့သို့ပုံပေါ်လာမည်ကို တွေးဆနိုင်သည်။ ကြွေပြားကပ်ကော်ရွေးချယ်ရာတွင် အသုံးပြုပုံ၊ မျက်နှာပြင် နှင့် ကြွေပြားအမျိုးအစားပေါ်မူတည်ကာ ရွေးချယ်ခြင်းဖြင့် ကုန်ကျစရိတ်ရော အလုပ်ပါ သက်သာစေနိုင်သည်။

 

 

Find all our products near you in more than 2000 outlets